"ဓါးငပြူး" ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲ အခမ်းအနား



ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးပုံဖော်ထားတဲ့ "ဓါးငပြူး" ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲ အခမ်းအနားကို ဒီကနေ့ စက်တင်ဘာလ (၂၃) ရက်နေ့က ရန်ကုန်၊ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်၊ ရွှေသမီး၊ ခင်လှိုင်၊ ဇော်ဝင်းနိုင်၊ ၀ါဝါအောင်၊ ဇော်ဇော်အောင်၊ Kညီ၊ ငြိမ်းချမ်း၊ နေလင်း၊ နှိုင်းယှဉ်မြင့်မိုရ် နှင့် အခြားအနုပညာရှင်များစွာ ပါဝင်ရိုက်ကူးထားပါတယ်။

By - MyanmarCelebrity 


"ဓါးငပြူး မှာတော့ ကျွန်တော့်က ဟာသဇာတ်ရုပ်ပါ။။ မြင့်မြတ် ကို မကျေနပ်လို့ ချောက်တွန်းတယ်၊ ချောက်တွန်းရင်းနဲ့ လမ်းမှန်ပေါ်ရောက်သွားပြီး ကောင်းစားသွားတယ်ပေါ့။  ကိုးရီးယားမင်းသားရူး၊ အဆိုတော်ရူး အဲ့လိုဇာတ်ကောင်မျိုးပါ " လို့ MC ကိုပြောပါတယ်။

#KhinHlaing



" ဒီဇာတ်ကားထဲမှာ ဂျမ်းဘုံ ဆိုတဲ့ကောင်မလေးပါ။ ဒါပေမဲ့ ရွာမှာ အလှအပလည်းကြိုက်တယ်၊ နာမည်ကြီးချင်တယ်၊ ပေါ်ပြူလာဖြစ်ချင်တော့ ဂျမ်းရတီ ဆိုတဲ့နာမည်တောင် ပြောင်းထားတဲ့ ကာရိုက်တာလေးပါ။ လွန်ခဲ့တဲ့ (၂) နှစ်လောက်က ရိုက်ခဲ့တယ် ဆိုပေမယ့် ကိုယ့်ကိုကိုယ် ပြန်ကြည့်တော့ ကျေနပ်ပါတယ် " လို့ MC ကိုပြောပါတယ်။

#ShweThamee








 #MyanmarCelebrity #KhinHlaing #ShweThamee #KNyi #WahWahAung

Related Posts

Scroll to top