"ကြေးကြီးတယ်" ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲ



ဒါရိုက်တာ စတီးလ် ရိုက်ကူးပုံဖော်ထားတဲ့ "ကြေးကြီးတယ်" ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲ အခမ်းအနားကို ဒီကနေ့ အောက်တိုဘာလ (၂၁) ရက်နေ့က ရန်ကုန်၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်၊ နေမျိုးအောင်၊ ဇွဲနိုင်ဝင်း၊ ထွန်းကိုကို၊ အိချောပို၊ နေဆန်း၊ သတ္တိ၊ လင်းဇာနည်ဇော်၊ ခင်ဇာနည်ဇော်၊ မေမြတ်နိုး၊ Roshan နှင့် အခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

By - MyanmarCelebrity


" ဒီဇာတ်ကားကို ရုံထဲစ၀င်ပြီးကြည့်တာနဲ့ ကိုယ်ဘယ်လိုသရုပ်ဆောင်ထားလဲဆိုတာထက် ဇာတ်ကားကပေးတဲ့ ရသကိုကြည့်ဖို့ လာခဲ့တာပါ။ ခံစားချက်တွေက အများကြီးပဲ၊ ဗဟုသုတလည်းရတယ်၊ ဇာတ်ကားက ပေးတဲ့ Message လည်းရတယ် " လို့ MC ကိုပြောပါတယ်။

#TunKoKo


" ဒီဇာတ်ကားကို ပရိသတ်တစ်ယောက်အနေနဲ့ဆို ချော ဇာတ်လမ်းကိုကြိုက်တယ်၊ ပညာပေးတဲ့ အခန်းတွေလည်းပါတယ်၊ ဒိုင်ယာလော့တွေကလည်း အပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ ပုံစံလေးတွေပါတယ်၊ ဒါကြောင့် ကြိုက်ပါတယ် " လို့ MC ကိုပြောပါတယ်။

#EiChawPo


" ဒီဇာတ်ကားက ဆင်ဆာအခက်အခဲနည်းနည်းရှိခဲ့တယ်၊ ရိုက်ပြီးတော့မှ တစ်ချို့ အခန်းလေးတွေ ဆင်ဆာအရ ပြန်ဖျက်လိုက်ရာတာမျိုးတွေရှိတယ်၊ အခုချိန်မှာ ပြန်ရိုက်ခွင့်ရမယ်ဆို ဒီ့ထက်ပိုပြီး ရိုက်နိုင်မလားဆိုတဲ့ နောင်တတော့ရမိတယ် " လို့ MC ကိုပြောပါတယ်။

#Steel(Director)






 #MyanmarCelebrity #TunKoKo #EiChawPo #DirectorSteel

Related Posts

Scroll to top