(၄၃) ကြိမ်မြောက် ရုပ်ရှင် သက်ကြီး ပူဇော်ပွဲ အခမ်းအနား



မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ၏ (၄၃) ကြိမ်မြောက် ရုပ်ရှင် သက်ကြီး ပူဇော်ပွဲ အခမ်းအနား ကို ဒီကနေ့၊ နိုဝင်ဘာလ (၁၀) ရက်နေ့က ရန်ကုန်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ 


သက်ကြီး အနုပညာရှင် တစ်ဦးစီကို ရုပ်ရှင် အစည်းအရုံး မှ ငွေကျပ် (၂) သိန်း၊ Forever Group မှ (၅) သောင်းကျပ် နှင့် သရုပ်ဆောင် အေးမြတ်သူ မှ (၁) သောင်းကျပ် တို့အပြင် အလှူရှင်များ လှူဒါန်းထားတဲ့ ဆေးဝါး တို့ဖြင့် ကန်တော့ခဲ့ပါတယ်။ 


ရုပ်ရှင် သက်ကြီး ပူဇော်ပွဲတွင် သက်ကြီး ကန်တော့ခံ အနုပညာရှင် ဦးရေ (၁၆၀) ထဲမှ (၁၆) ဦး ကိုသာ ကန်တော့ခဲ့တာ ဖြစ်ပါတယ်။ ကျန်ရှိနေသော သက်ကြီး အနုပညာရှင်များကို အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့ သွားမှာ ဖြစ်သလို ကိုယ်တိုင်လာရောက် ထုတ်ယူလိုလျှင်လည်း ကန်တော့ခံ ငွေကြေး နှင့် ဆေးဝါးများ ကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ လာရောက် ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။  


By Myanmar Celebrity #KhantSiThu #AyeMyatThu #MyanmarMotionPictureOrganization #DawNweNweSan















 

Related Posts

Scroll to top