မော်ဒယ်/ သရုပ်ဆောင် ပိုင်တံခွန် ပထမဆုံး ပွဲပြန်တက်


မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် (MCCOC) နဲ့ CLL ကာကွယ်​ဆေးထိုးစင်တာ တို့အကြား ကာကွယ်​ဆေးထိုးလုပ်ငန်း ပူး​ပေါင်း​ဆောင်ရွက်​ရေး နားလည်မှုစာချွန်လွှာ​​ရေးထိုးခြင်း အခမ်းအနားကို ဒီကနေ့ မတ်လ (၁၆) ရက်​နေ့၊ နံနက်ပိုင်းက ရန်ကုန်၊ သုဝဏ္ဏ ရှိ CLL IMMUNISATION CENTRE မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ ​မော်ဒယ် နှင့် သရုပ်​ဆောင် ပိုင်တံခွန် က တက်​ရောက် ချီးမြှင့်ခဲ့ပါတယ်။
ပိုင်တံခွန် ဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု/ ဥပဒေပုဒ်မ ၅၀၅-က ဖြင့် (၁၁) လကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး၊ ၂၀၂၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ရရှိခဲ့ပါတယ်။ အင်းစိန်ထောင် မှ ပြန်လည် လွတ်မြောက်ခဲ့ပြီးနောက် ပထမဆုံး ပရိသတ်ရှေ့ထွက် ပွဲတက်ခဲ့ခြင်း ဖြစ်ပါတယ်။










By Myanmar Celebrity #PaingTakhon #MyanmarActor #MyanmarModelBoy #ပိုင်တံခွန်

Related Posts

Scroll to top